Saturday, August 29, 2009

ကဗျာဆရာ မဟုတ်တော့လဲ ...

ကဗျာဆရာမဟုတ်တော့လဲ စာဖတ်ပရိသတ်ရယ် နည်းနည်းတော့ သည်းခံပေးပါနော် ... ကိုယ်ပိုင်ခံစားချက်ပေါ်မှ ရေးတတ်တဲ့သူမို့ပါ... ကိုယ့်ကဗျာမရှိလို့ သူများကဗျာတွေယူတင်လိုက်ရင်လည်း ကိုယ်ပိုင်မဟုတ်တော့မှာစိုးတယ်... ကဗျာတွေကလည်း ၀မ်းနည်းမှ ထွက်တယ်... ကဲ ... အားလုံးပဲ ဒီက ကဗျာဆရာလေးကို ကဗျာတွေထွက်ဖို့ ၀မ်းနည်းပါစေလို့ ဆုတောင်းပေးကြပါတော့ ...

Thursday, August 6, 2009

အဝေးကလူ

ငါဟာ
မင်းအတွက်ဆို
အရာရာနောက်ကျ
မင်းနဲ့ခပ်ခွာခွာနေ
မြင်ရုံနဲ့ ကျေနပ်လေသူ....

ဒါပေမယ့်..
အချိန်တိုင်း သတိရ
တမ်းတတိုင်း လွမ်းမော
တိုက်ဆိုင်တိုင်း ငိုရှိုက်
တွေးလိုက်တိုင်း မင်းပဲမို့
ငါ့လောက်ချစ်တာ ဒီကမ္ဘာမှာ
မင်းရည်းစားတောင် မီရဲ့လား....

Monday, August 3, 2009

မမေ့ရက်ပါဘူး

အသည်းဦးမှာ သူသာလျှင် သခင်...
သူသာလျှင် ဘုရင် ဖြစ်နေတော့...

ခေါင်းငုံ့ပြီး ...
အရှောင်ပေးရအောင်လဲ...
တို့...မဝေးသေးဘူး ထင်တာပဲလေ...

ကျန်ခဲ့ပြီဆိုတာ
ခွဲခွာသွားတဲ့ သူ့ဘက်ကပြောတဲ့စကားပါ...

မမေ့ရက်ဘူးရယ် ဆိုပေမယ့်...
အတွေ့ထူးလေးတွေနဲ့ တွယ်ငြိလိုက်ရင်...
နှောင်းခဲ့တဲ့ ချစ်သူဆိုတာ...
ဘယ်လာ...ရှိဦးမှာ....

အကြောင်းကံ မပေးလို့
ပေါင်းရန် ဝေးခဲ့ရပေမယ့်...
မတွေ့ရရင် နေပါစေ...
.......
.....
...
မမေ့ပါရစေနဲ့ ချစ်ရသူရယ်...

Thursday, July 30, 2009

လမ်းပျောက်သူ


မောင် ...
မင်း မလာရင် မောင် မနေတတ်ဘူးတဲ့..
မောင် ...
မင်း မရှိရင် မောင် လွမ်းတယ်တဲ့..
မောင် ...
မင်း ချက်တာပဲ မောင် ကြိုက်တယ်တဲ့..
ကျွန်မ မတောင်းတဲ့
ကတိတွေ မောင် ပေးခဲ့တရ်...
မင်ကလွဲပြီး
မောင် မချစ်ဘူးတဲ့
ကျွန်မ အနာဂတ်
မောင့်လက်ထဲထည့်လို့
မောင့်စေညွှန်းရာ
လျှောက်တတ်ခဲ့ပြီ......

မောင်
အချိန်ဆိုတာ
မောင့်ကို ပြုစားတဲ့
အရာတစ်ခုလား ....(ဟင်)...

မောင်
မင်း မလာရင်လဲ မောင်နေတတ်အောင် နေပါ့မယ်တဲ့
မောင် ...
မင်း မရှိရင်လဲ မောင်မလွမ်းအောင် နေတော့မယ်တဲ့...
မောင် ...
မင်း မချက်လဲ မောင်စားတတ်အောင် ကြိုးစားမယ်တဲ့...
မတောင်းတဲ့ ကတိတွေ
ပေးပြီးမှ
မတောင်းတဲ့ နှုတ်ဆက်ခြင်းကို
ပေးခဲ့ပြီလားမောင်......

မောင့်စေညွှန်းရာ
လျှောက်ခဲ့ပြီးမှ
လမ်းပျောက်တဲ့
ကလေးတစ်ယောက်လို
ငိုရှိုက်နေတဲ့ ကျွန်မကို
မောင်ရေ ....
လမ်းပြလှည့်ပါကွယ် ....

Wednesday, July 29, 2009

ခေါင်းစဉ်မရှိခဲ့ပါ


ကျယ်ပြောတဲ့ လောကကြီးမှာ
မထူးပေမယ့် ဆန်းတဲ့
သံယောဇဉ်တွေနဲ့
ငါတို့ ဖွဲ့ချည်ခဲ့တယ်...

သူငယ်ချင်းရေ...
မိဘနဲ့သားသမီး
မောင်နဲ့နှမလို မေတ္တာမျိုး
မင်းဆီက ရခဲ့တယ်...

ဘယ်သူတွေ ပေးပေး မပေးပေး
မင်းဆီက ယုံကြည်မှုတွေ
ငါ ရခဲ့တယ်...

တစ်ယောက်နာကျင်တိုင်း
တစ်ယောက်ကြေကွဲတဲ့ ခံစားမှုမျိုး...
ငါ ရခဲ့တယ်...

သူငယ်ချင်းရေ
ငါ့ဘက်ကစလို့ မင်းကို ခွဲသွားမှာမျိုး...
မင်းကြုံမှာ မဟုတ်ပါဘူး

ကိုယ့်ဝိဥာဉ်ကိုထားပြီး
ခရီးသွားတဲ့လူမျိုး
မင်း....မြင်ဖူးလို့လား......

Tuesday, July 28, 2009

ငုတ်တုတ်ကောင်

တစ်နေ့ တစ်နေ့
မိုးလင်းမှ မိုးချုပ်...
အလုပ်ရှုပ်နေတဲ့ သူတွေ
ဘယ်ဘ၀ ၀ဋ်ကြွေး...
မင်းတို့ကို ပေးသလဲကွာ....

ငါ့မှာတော့...
ကုသိုလ်ကံ ကောင်းလိုက်ပုံများ
မိုးလင်းမှ မိုးချုပ်
အမြဲ ငုတ်တုတ် ....

Monday, July 27, 2009

ကျွန်မ ခံစားခဲ့သမျှ...

မောင်ရေ...
မုန်းတီးတဲ့ အရိပ်အယောင်တွေနဲ့
မကျီစားပါနဲ့
အသည်းမှာ မောင့်အတွက်
ရက်စက်မှုတွေ မရှိဘူး ...
စိတ်မ၀င်စားတဲ့ အမူအယာတွေနဲ့
မလှောင်ပြောင်ပါနဲ့
နှလုံးသားက နောက်ဆုတ်ဖို့
အင်အားမရှိဘူး....

ဘယ်တော့မှ
ခွဲမသွားပါနဲ့လို့
တောင်ပန်းနေတဲ့ မျက်ဝန်းတွေကို
အေးစက်စက် အပြုံးတွေနဲ့
သရော်နေတာလား ...
ကျွန်မနှလုံးသားမှာ ရှင်သန်နေတဲ့
မောင့်ရဲ့ လှုပ်ရှားမှုတွေ
မေ့ပစ်လို့ မရနိုင်တဲ့
မောင့်ရဲ့ မျက်ဝန်းတွေ
ကြယ်စင်လို လင်းလက်တဲ့
အပြုံးလေးတွေကို
ကျွန်မ
ဘယ်လိုအင်အားနဲ့ ဖျောက်ပစ်ရမှာလဲ...

ဘာပဲဖြစ်ဖြစ်
ဒါဟာ ၀ဋ်ကြွေးတစ်ခု
ဖြစ်မယ်ဆိုရင်လေ
ကျွန်မ
အချစ်တွေကို စတေးပြီး
အလွမ်းတွေနဲ့
သက်ဆုံးတိုင် ......
ပေးဆပ်ချင်တရ် ....

Sunday, July 26, 2009

နှလုံးသား သခင်

ရင်မှာတမ်းတ နွမ်းလျစွာနဲ့
တိုးတိတ်မျှော်လင့် ကြိုလင့်နေလဲ ...
ရက်ရက်စက်စက် ဥပေက္ခာပြု
ထားရက်နိုင်သူ သခင့်ရင်တွင်း
စိတ်အစဉ်ကို ပိုင်စိုးခွင့်သာရခဲ့ရင် .....

Thursday, July 23, 2009

နားလည်ပါ


ဟင့်အင်း တခါမှ မငြင်းခဲ့ဘူးနော် ..........
နိုးနိုးနိုး တခါမှလည်း မုန်းတယ်လို့ပြောခဲ့ပါဘူး .........
ဒါပေမယ့် မဆုံနိုင်တဲ့ ဘ၀တွေကိုသိသိကြီးနဲ့ ဘာလို့ များ နီးစပ်ချင်ရတာလဲ ၊၊

ဆုံခွင့်ရတဲ့ အချိန်က လမ်းခွဲလို့ ၀မ်းနည်းရမယ့် အချိန်နဲ့ စာရင်
မကြေကွဲတာမကောင်းဘူးလား
ဖြောင့်ဖြူးတဲ့ လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်မှာထက်
ခပ်ဝေးဝေးက သစ်ပင်အိုလေးက အေးရိပ်ကိုပေးတယ်လို့များ မဖြေသိမ့်နိုင်ဘူးလား ၊၊

ဘာလုပ်မှာလဲ
တစ်ညတာ လက်တွဲပြီး တစ်ဘ၀တာခွဲနေရမယ့်အရေး
ခပ်ဝေးဝေးက လွမ်းရတာခံသာပါအုံးမယ် ၊၊

မကြိုးစားချင်ဘူး ကိုယ်မကြိုးစားချင်ဘူး
သိသိကြီးနဲ့ ရုန်းဖယ်ခဲ့တာ မချစ်လို့ မဟုတ်ဘူး မုန်းလို့ မဟုတ်ဘူး
မချစ်သင့်လို့ ၊ မလွမ်းသင့်လို့ ၊ သိကာရှိရှိ လမ်းခွဲချင်လို့ရယ်ပါ ၊၊

တခါတလေ နာကျင်နေမလား
တခါတလေ ကြေကွဲနေမလား
တွေးဖူးပါတယ် တွေးဖူးပါတယ်
နောင် အခါခါ နာကျင်မှာထက်
ဒီတခါနာကျင်တာက သက်သာမှာပါလေရယ်လို့
ဖြေသိမ့်တွေးရင်း မကြင်နာခက်ခက်ရယ်နဲ့ ရင်နာလျက်နဲ့ လမ်းခွဲခဲ့တယ်
တကယ်တွေးခဲ့တာ မင်းအတွက်ရယ်ပဲ ၊၊

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ ၊၊

ဒီဘ၀ဆုံခွင့်မရလည်း နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင် မင်းအတွက် ကမ်းလင့်ကြိုဆဲ ၊၊

လှောင်အိမ်

ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ ကောင်းကင်တစ်ခုဖြစ်တယ်

ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ နားခိုရာလည်း ဖြစ်တယ်

ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ အိပ်မက်ရှည် တစ်ခုလည်း ဖြစ်တယ်

ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ နတ်ဘုရားတစ်ပါးလည်း ဖြစ်တယ်
ကောင်မလေးရေ ...
ကောင်မလေးရေ...
ကောင်မလေးရေ...
အမှန်တော့ နင်ဟာ ငါ့ရဲ့ လှောင်အိမ်တစ်ခုပါ ..

Monday, July 6, 2009

ယုံပါ

ညီမလေးက ကိုယ့်ဘ၀နေပြင်းပြင်းရဲ့
ဆောင်းလေညင်းလေးဆိုတာ

ဘ၀ရဲ့စေညွှန်ရာကို
ရုန်းကန်လှုပ်ရှားရင်း
အနားကပ် မှီခို
ချစ်စကားတွေ
ညွှန်းဖွဲ့မဆိုနိုင်ရင်လည်း
ခွင့်လွှတ်ပါ

လှမ်းကြည့်လိုက်ရုံနဲ့
ရင်ထဲက ...
မငြိမ်းသော မီးတောက်ကလေး
ညီမလေးအတွက်
နွေးထွေးနေမယ်ဆိုတာ
ယုံပါ ...

Monday, June 8, 2009

မိုးရေ

ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
မဖြစ်ချင်တာတွေ ဖြစ်ရတဲ့အခါ
တစ်ယောက်တည်း ဖြစ်နေတဲ့ငါ့ကို
မျက်ရည်တွေနဲ့ အတူ
မိုးရေ
အဖော်ပြုပေးပါကွာ ...

Saturday, May 30, 2009

နားလည်ပေးပါ ...

ဇွန်လ (၁)ရက်နေ့က စလို့ ခံစားချက်တွေကို ဒီနေရာမှာ စရေးတော့မယ်လို့ ဆုံးဖြတ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဘလော့ကိုသိတဲ့သူ မရှိသလောက်မို့လို့လေ... ရင်ဖွင့်စရာ နေရာတစ်ခု ပါပဲ...

Tuesday, January 13, 2009

YOU'RE ONLY...

Without you, my life is hopeless
When I feel that you left me behind,
it all become darkness.
I can get all the best prizes,
when you give me your kindness.
YOU'RE ONLY But MEANS EVERYTHING.....

Monday, January 12, 2009

ဒုတိယအသက်သို့

မိတ်ဖြစ်ဆွေဖြစ်
အချစ်တစ်ခွက်လောက်သောက်ရအောင်
အို...မိတ်ဆွေ
မေတ္တာနဲ့ ကြည့်တဲ့မျက်စိမှာ
မကြည့်လင်ခြင်း မရှိနိုင်ပါ
ကိုယ့်လက်ကိုကမ်း
လမ်းအတူဆက်ကြစို့
စစ်မှန်တဲ့ချစ်သူနှစ်ဦးဟာ
အကောင်းဆုံးမိတ်ဆွေနှစ်ဦးပမာ
တို့တွေ
ကိုယ့်ကိုကိုယ်သိသလို
အချင်းချင်းနားလည်မှုအတွက်
မိတ်ဖြစ်ဆွေဖြစ်
အချစ်တစ်ခွက်သောက်ရအောင်

Wednesday, January 7, 2009

ပုံပြင်ထဲက နှင်းကြွင်းခြေရာ

ဆောင်းဦးအိပ်မက်ထဲ
ဝေ့၀ဲနေတဲ့ ၀ိဥာဉ်
သခင့်အနား ရောက်ပါစေ
တိတ်ဆိတ်တဲ့ စက္ကန့်တိုင်း
သခင့်နာမည် တိုးဖွဖွ
နှုတ်ဖျားက ကြွေကျ
ပန်းတွေသာ ဖြစ်ကြရင်
မြူခိုးနဲ့အပြိုင် ပြန့်ကြဲကြ
အမှတ်ရမှုတိုင်းမှာ
ပြိုးပျက်ကြည့်နူးရပြီး
ဆွတ်ပျံ့စွာနာကျင်
ရယ်တော့ ရယ်ချင်မိတယ်
မျက်ရည်တို့နဲ့ အိပ်ရာဝင်တိုင်း
တမ်းတမှုတစနဲ့ နိုးထတိုင်း
နှင်းတောထဲ ဖုံးသွားမယ့်ခြေရာအနေနဲ့
သခင်မသိတဲ့ ရင်ခွင်တစ်စုံ
ထာဝစဉ် ခုန်နေတယ် ....