Thursday, July 30, 2009

လမ်းပျောက်သူ


မောင် ...
မင်း မလာရင် မောင် မနေတတ်ဘူးတဲ့..
မောင် ...
မင်း မရှိရင် မောင် လွမ်းတယ်တဲ့..
မောင် ...
မင်း ချက်တာပဲ မောင် ကြိုက်တယ်တဲ့..
ကျွန်မ မတောင်းတဲ့
ကတိတွေ မောင် ပေးခဲ့တရ်...
မင်ကလွဲပြီး
မောင် မချစ်ဘူးတဲ့
ကျွန်မ အနာဂတ်
မောင့်လက်ထဲထည့်လို့
မောင့်စေညွှန်းရာ
လျှောက်တတ်ခဲ့ပြီ......

မောင်
အချိန်ဆိုတာ
မောင့်ကို ပြုစားတဲ့
အရာတစ်ခုလား ....(ဟင်)...

မောင်
မင်း မလာရင်လဲ မောင်နေတတ်အောင် နေပါ့မယ်တဲ့
မောင် ...
မင်း မရှိရင်လဲ မောင်မလွမ်းအောင် နေတော့မယ်တဲ့...
မောင် ...
မင်း မချက်လဲ မောင်စားတတ်အောင် ကြိုးစားမယ်တဲ့...
မတောင်းတဲ့ ကတိတွေ
ပေးပြီးမှ
မတောင်းတဲ့ နှုတ်ဆက်ခြင်းကို
ပေးခဲ့ပြီလားမောင်......

မောင့်စေညွှန်းရာ
လျှောက်ခဲ့ပြီးမှ
လမ်းပျောက်တဲ့
ကလေးတစ်ယောက်လို
ငိုရှိုက်နေတဲ့ ကျွန်မကို
မောင်ရေ ....
လမ်းပြလှည့်ပါကွယ် ....

3 comments:

yourlovebird said...

ကတိတွေ အတွက်...
သတိတွေ ထားပေမယ့်
သစ်ပင်အောက်တော့ ရောက်ခဲ့သည်။
29-7-09 (7:00 PM) Wed;

YoungGun said...

ကဗျာလေးက နုရွဥမွနေတာပါပဲ။ ဖတ်ရင်းနဲ့တောင် အရည်ပျော်ကျသွားမလားဘဲ။ ဒါနဲ့ ဘယ်သစ်ပင်အောက်ရောက်ခဲ့လဲ ဆိုတာ သူများတွေကို ပြောပြဦးလေ။ သားတို့လည်း စိတ်ဝင်စားပါသည်။။။ အဟိ။

ရှင်သန်ခြင်း said...

အင်း ရိုးရိုးသားသား ပြောရရင်တော့ ကဗျာထက် ပုံထဲက ကောင်မလေးကို ပိုစိတ်ဝင်စားမိတယ်

Post a Comment