Tuesday, January 13, 2009

YOU'RE ONLY...

Without you, my life is hopeless
When I feel that you left me behind,
it all become darkness.
I can get all the best prizes,
when you give me your kindness.
YOU'RE ONLY But MEANS EVERYTHING.....

Monday, January 12, 2009

ဒုတိယအသက်သို့

မိတ်ဖြစ်ဆွေဖြစ်
အချစ်တစ်ခွက်လောက်သောက်ရအောင်
အို...မိတ်ဆွေ
မေတ္တာနဲ့ ကြည့်တဲ့မျက်စိမှာ
မကြည့်လင်ခြင်း မရှိနိုင်ပါ
ကိုယ့်လက်ကိုကမ်း
လမ်းအတူဆက်ကြစို့
စစ်မှန်တဲ့ချစ်သူနှစ်ဦးဟာ
အကောင်းဆုံးမိတ်ဆွေနှစ်ဦးပမာ
တို့တွေ
ကိုယ့်ကိုကိုယ်သိသလို
အချင်းချင်းနားလည်မှုအတွက်
မိတ်ဖြစ်ဆွေဖြစ်
အချစ်တစ်ခွက်သောက်ရအောင်

Wednesday, January 7, 2009

ပုံပြင်ထဲက နှင်းကြွင်းခြေရာ

ဆောင်းဦးအိပ်မက်ထဲ
ဝေ့၀ဲနေတဲ့ ၀ိဥာဉ်
သခင့်အနား ရောက်ပါစေ
တိတ်ဆိတ်တဲ့ စက္ကန့်တိုင်း
သခင့်နာမည် တိုးဖွဖွ
နှုတ်ဖျားက ကြွေကျ
ပန်းတွေသာ ဖြစ်ကြရင်
မြူခိုးနဲ့အပြိုင် ပြန့်ကြဲကြ
အမှတ်ရမှုတိုင်းမှာ
ပြိုးပျက်ကြည့်နူးရပြီး
ဆွတ်ပျံ့စွာနာကျင်
ရယ်တော့ ရယ်ချင်မိတယ်
မျက်ရည်တို့နဲ့ အိပ်ရာဝင်တိုင်း
တမ်းတမှုတစနဲ့ နိုးထတိုင်း
နှင်းတောထဲ ဖုံးသွားမယ့်ခြေရာအနေနဲ့
သခင်မသိတဲ့ ရင်ခွင်တစ်စုံ
ထာဝစဉ် ခုန်နေတယ် ....