Friday, October 29, 2010

အတ္တ ...


ကဗျာမေ၇းဖြစ်တော့တဲ့ ငါ့အတွက်
မင်းပေးတဲ့ ကဗျာတစ်ပုဒ်
ငါ အစဆွဲထုတ်မိတယ်။

ငါ့အတွက် နားလည်ရခက်တဲ့
အချစ်တွေ ....
မင်းအမြဲပြောတဲ့
အချစ်တွေ....

ဒီအချစ်တွေက
လူတစ်ယောက်ကို နူးညံ့လာစေသလို
ဒီအချစ်တွေကပဲ
လူတစ်ယောက်ကို ကြမ်းတမ်းသွားစေသလား။

ချစ်ပါများလို့
အချစ်တွေ နည်းသွားစေသလို
ချစ်ပါများလို့ပဲ
အချစ်တွေ များလာတာလား။

အချစ်ဆိုတာ
အတ္တလို့ဆိုကြရင်
မင်းဟာ အတ္တတွေနည်းလာပြီး...
ငါကပဲ အတ္တတွေများလာခဲ့တာလား...

မင်းအတွက် ငါ့အချစ်ကို
ပြသခဲ့ပေမယ့်
အတ္တတွေ ဖြစ်ခဲ့ရင်တော့
နားလည်ပေးပါချစ်သူ
ဒါဟာ မင်းတို့ပြောတဲ့ အတ္တ
ဟုတ်ပါတယ် ...
ငါ့ရဲ့အတ္တကို သစ္စာရှိနေရလို့ ဆိုတာကိုပေါ့ ....