Saturday, August 29, 2009

ကဗျာဆရာ မဟုတ်တော့လဲ ...

ကဗျာဆရာမဟုတ်တော့လဲ စာဖတ်ပရိသတ်ရယ် နည်းနည်းတော့ သည်းခံပေးပါနော် ... ကိုယ်ပိုင်ခံစားချက်ပေါ်မှ ရေးတတ်တဲ့သူမို့ပါ... ကိုယ့်ကဗျာမရှိလို့ သူများကဗျာတွေယူတင်လိုက်ရင်လည်း ကိုယ်ပိုင်မဟုတ်တော့မှာစိုးတယ်... ကဗျာတွေကလည်း ၀မ်းနည်းမှ ထွက်တယ်... ကဲ ... အားလုံးပဲ ဒီက ကဗျာဆရာလေးကို ကဗျာတွေထွက်ဖို့ ၀မ်းနည်းပါစေလို့ ဆုတောင်းပေးကြပါတော့ ...

Thursday, August 6, 2009

အဝေးကလူ

ငါဟာ
မင်းအတွက်ဆို
အရာရာနောက်ကျ
မင်းနဲ့ခပ်ခွာခွာနေ
မြင်ရုံနဲ့ ကျေနပ်လေသူ....

ဒါပေမယ့်..
အချိန်တိုင်း သတိရ
တမ်းတတိုင်း လွမ်းမော
တိုက်ဆိုင်တိုင်း ငိုရှိုက်
တွေးလိုက်တိုင်း မင်းပဲမို့
ငါ့လောက်ချစ်တာ ဒီကမ္ဘာမှာ
မင်းရည်းစားတောင် မီရဲ့လား....

Monday, August 3, 2009

မမေ့ရက်ပါဘူး

အသည်းဦးမှာ သူသာလျှင် သခင်...
သူသာလျှင် ဘုရင် ဖြစ်နေတော့...

ခေါင်းငုံ့ပြီး ...
အရှောင်ပေးရအောင်လဲ...
တို့...မဝေးသေးဘူး ထင်တာပဲလေ...

ကျန်ခဲ့ပြီဆိုတာ
ခွဲခွာသွားတဲ့ သူ့ဘက်ကပြောတဲ့စကားပါ...

မမေ့ရက်ဘူးရယ် ဆိုပေမယ့်...
အတွေ့ထူးလေးတွေနဲ့ တွယ်ငြိလိုက်ရင်...
နှောင်းခဲ့တဲ့ ချစ်သူဆိုတာ...
ဘယ်လာ...ရှိဦးမှာ....

အကြောင်းကံ မပေးလို့
ပေါင်းရန် ဝေးခဲ့ရပေမယ့်...
မတွေ့ရရင် နေပါစေ...
.......
.....
...
မမေ့ပါရစေနဲ့ ချစ်ရသူရယ်...