Monday, August 3, 2009

မမေ့ရက်ပါဘူး

အသည်းဦးမှာ သူသာလျှင် သခင်...
သူသာလျှင် ဘုရင် ဖြစ်နေတော့...

ခေါင်းငုံ့ပြီး ...
အရှောင်ပေးရအောင်လဲ...
တို့...မဝေးသေးဘူး ထင်တာပဲလေ...

ကျန်ခဲ့ပြီဆိုတာ
ခွဲခွာသွားတဲ့ သူ့ဘက်ကပြောတဲ့စကားပါ...

မမေ့ရက်ဘူးရယ် ဆိုပေမယ့်...
အတွေ့ထူးလေးတွေနဲ့ တွယ်ငြိလိုက်ရင်...
နှောင်းခဲ့တဲ့ ချစ်သူဆိုတာ...
ဘယ်လာ...ရှိဦးမှာ....

အကြောင်းကံ မပေးလို့
ပေါင်းရန် ဝေးခဲ့ရပေမယ့်...
မတွေ့ရရင် နေပါစေ...
.......
.....
...
မမေ့ပါရစေနဲ့ ချစ်ရသူရယ်...

1 comments:

YoungGun said...

အောက်ဆုံးအပိုဒ်ကိုတော့ အသေခိုက်ပါတယ်။ လန်းတယ်ဗျာ ဒီတစ်ပုဒ်ကတော့။

Post a Comment