Wednesday, January 7, 2009

ပုံပြင်ထဲက နှင်းကြွင်းခြေရာ

ဆောင်းဦးအိပ်မက်ထဲ
ဝေ့၀ဲနေတဲ့ ၀ိဥာဉ်
သခင့်အနား ရောက်ပါစေ
တိတ်ဆိတ်တဲ့ စက္ကန့်တိုင်း
သခင့်နာမည် တိုးဖွဖွ
နှုတ်ဖျားက ကြွေကျ
ပန်းတွေသာ ဖြစ်ကြရင်
မြူခိုးနဲ့အပြိုင် ပြန့်ကြဲကြ
အမှတ်ရမှုတိုင်းမှာ
ပြိုးပျက်ကြည့်နူးရပြီး
ဆွတ်ပျံ့စွာနာကျင်
ရယ်တော့ ရယ်ချင်မိတယ်
မျက်ရည်တို့နဲ့ အိပ်ရာဝင်တိုင်း
တမ်းတမှုတစနဲ့ နိုးထတိုင်း
နှင်းတောထဲ ဖုံးသွားမယ့်ခြေရာအနေနဲ့
သခင်မသိတဲ့ ရင်ခွင်တစ်စုံ
ထာဝစဉ် ခုန်နေတယ် ....

0 comments:

Post a Comment