Monday, December 29, 2008

ဤသို့ အဓိပ္ပါယ်ဖွင့်သည် ...

မျှော်လင့်ခြင်းက
မီးစာတစ်ဘက် ရေမှုတ်တစ်ဘက်။
ငါ့ရဲ့အနေအထိုင်သစ်ကို အမှုဖွင့်သူရေ
မင်းဘယ်လိုတုန်း။
ပေပင်တစ်ပင်ရဲ့ မိုက်မဲမှုမျိုးနဲ့
လူတစ်ယောက်ရဲ့ အမြစ်ကို
တူးဆွဖို့ ကြိုးစားခဲ့တယ်။
ပျော်ရွှင်မှုမှာ
အခါခါရှုံးနိမ့်ပြီး၊
ဝမ်းနည်းမှုမှာ
အကြိမ်ကြိမ် အောင်ပွဲရခဲ့တယ်။
ကိုယ့်စိတ်ကူးထဲက မိန်းကလေးရေ
ဆောင်းမှာ နွေးပြီး
နွေရာသီမှာ အေးတယ်ဆိုရင်တော့
ဒါဟာ
အချစ်ကလွဲပြီး
ဘာများဖြစ်နိုင်ဦးမှာလဲ။

0 comments:

Post a Comment