Monday, December 15, 2008

crying ....

နောက်ဆုတ်ရင်း
မဖြစ်နိုင်မှန်းသိရက်
မျှော်လင့်နေရတာထက်
အားလုံးကို ဆုံးရှုံးသွားတာက
ပိုပြီးနေသာပါသေးတယ်

မလာမယ့်သူကို
ရပ်စောင့်နေရတာထက်
ကျောခိုင်းထွက်လာတာက
ပိုပြီးမျှော်လင့်ချက်ရှိပါတယ်

ဒါပေမယ့်
တကယ်တမ်းအားလုံးပြီးဆုံးသွားချိန်မှာ
ငါ ငိုနေမိတယ်....

0 comments:

Post a Comment