Thursday, December 18, 2008

အလွမ်းတာ

ရင်နှင့်အမျှ သိပ်ချစ်ပါလည်း
ပြတ်တောက်သယောင်
ဟန်ဆောင်ချုပ်ထိန်း
မွန်းကျပ်ပင်ပန်း
နွမ်းလျလိုက်တာ ......

အမှောင်ထုကြီးစိုး
အိပ်မရညတို့မှာ
ခပ်ဖျော့ဖျော့ မီးရောင်အောက်
တွေးနယ်ချဲ့ ငုတ်တုတ်ထိုင်ရင်း
ရင်ခွင်မှာ ထင်ကျန်နေဆဲ
မင်းအရိပ် ၀ိုးတ၀ါးတို့ကို
စိတ်ကူးနှင့် ပုံဖော်မှန်း
လွမ်းလိုက်ရတာ ...........

အနေဝေးတဲ့အခါ
ရေဝေးတဲ့ကြာလို
အချစ်တွေ နွမ်းခြောက်
လန့်ပျောက်သွားမလား
စိုးမိပါရဲ့ ..........

ချစ်သူရေ
နံရံရဲ့ အခြားတစ်ဖက်
မင်းမရှိတဲ့ ညတွေမှာ
ရင်မှာ ခံစားမသိသာလှပေမဲ့
မဆုံနိုင်တော့မယ့် ဟိုးအဝေး
မင်းခွဲခွဲသွားလေမှ
သွေးပျက်ချောက်ချား
စိတ္တဇညများစွာ
ကြုံတွေ့ရင်ဆိုင်
စိတ်မခိုင်ပြီ
လွမ်းတာရက်ဆက် ရှည်ဦးမည်။

1 comments:

eveningstar said...

တကယ်တော့ အချစ်နဲ့ အလွမ်းဟာ ခွဲမရတဲ့သဘောတွေပါပဲ။ အချစ်ကဗျာတွေအကြောင်း ရေးရင် အလွမ်းအကြောင်းတွေလည်း ပါလာမှာပါပဲ။ တကယ်ခံစားရရင်တော့ ကဗျာတွေက လှနေမှာပါပဲ။

Post a Comment