Thursday, December 18, 2008

ပန်းတွေထဲမှာ အဖြေရှာမယ် .....

ကံ့ကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
အုန်းပန်း - ကံကောင်းခြင်း။
ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
ခရေပန်း - မေ့မသွားပါနဲ့ကွယ်။
ခတ္တာပန်း - အားငယ်ရတဲ့သူမို့ ညှာတာပါ။
ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်။
ခေါင်းလောင်းပန်း - အမြန်ဆုံးနီးခွင့် ရချင်တယ်။
ဂန္ဒမာပန်း (အဖြူ) - ငြိမ်းချမ်းပါစေ။
(အ၀ါ) - သတိရနေမယ်။
ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ချစ်သူပါ။
စပယ်ပန်း - မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်။
ဆပ်သွားဖူးပန်း - သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်။
ဆောင်တော်ကူးပန်း - မင်းကြောင့်ကိုယ့်မှာ ရူးရပြီ။
ဆယ့်နှစ်ရာသီပန်း - ရိုးသားဖြူစင်ခြင်း။
ညမွှေးပန်း - အရာရာဟာ မင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။

0 comments:

Post a Comment