Friday, December 12, 2008

မေတ္တာ၏ အဓိပ္ပါယ် ...

မင်းရဲ့ ရိုးသားမှု
မင်းရဲ့ ချစ်စရာကောင်းမှုလေးတွေဟာ
ငါ့ကို ပျော်ရွှင်စေတယ်။

မင်းခံစားရတိုင်း
မင်းငိုကြွေးရတိုင်း
ငါ့နှလုံးသားဟာ ရိုက်ပုတ်ခံရတယ်။

ငါ့ရဲ့ မင်းအပေါ်မျှော်လင့်ခြင်းက
မင်း အမြဲပြုံးနေဖို့ပါပဲ။

မင်းဘက်မှာ ငါတစ်ယောက်ထဲကျန်တဲ့အထိ
ရပ်တည်ပေးပါရစေ။

မင်းရဲ့လိုအပ်ချက်
မင်းဆန္ဒတွေကို
တတ်နိုင်သလောက်
ငါ့ ဖြည့်စွမ်းပေးချင်တယ်။

တိတ်ဆိတ်ခြင်းဟာ
မင်းကို စကားလုံးမဲ့
ချစ်ခင်ခြင်းပါ။

ငါ့ရဲ့ ဦးတည်ချက်တွေက
မင်းဘေးမှာ တိတ်ဆိတ်စွာထိုင်ပြီး
မင်းပျော်အောင် ရယ်မောပေးဖို့ပါ။

မင်းကို
ငါတစ်ဦးတည်း မသိမ်းပိုက်ချင်ပါဘူး
အတ္တတွေနဲ့ မဝါးမြိုချင်ပါဘူး
လူတိုင်း မင်းကိုချစ်ယင်
ငါဟာ မင်းလိုပဲ ပျော်နေမှာပါ။ ။

1 comments:

eveningstar said...

မေတ္တာကိုတော့ အဓိပ္ပါယ်မဖွင့်တော့ဘူး။ ပင်လယ်ရေကိုပဲ ကုန်အောင်သောက်တော့မယ်။ ကဗျာလှလှလေးတွေရေးပါ တင်ပါဦး။

Post a Comment