Monday, July 27, 2009

ကျွန်မ ခံစားခဲ့သမျှ...

မောင်ရေ...
မုန်းတီးတဲ့ အရိပ်အယောင်တွေနဲ့
မကျီစားပါနဲ့
အသည်းမှာ မောင့်အတွက်
ရက်စက်မှုတွေ မရှိဘူး ...
စိတ်မ၀င်စားတဲ့ အမူအယာတွေနဲ့
မလှောင်ပြောင်ပါနဲ့
နှလုံးသားက နောက်ဆုတ်ဖို့
အင်အားမရှိဘူး....

ဘယ်တော့မှ
ခွဲမသွားပါနဲ့လို့
တောင်ပန်းနေတဲ့ မျက်ဝန်းတွေကို
အေးစက်စက် အပြုံးတွေနဲ့
သရော်နေတာလား ...
ကျွန်မနှလုံးသားမှာ ရှင်သန်နေတဲ့
မောင့်ရဲ့ လှုပ်ရှားမှုတွေ
မေ့ပစ်လို့ မရနိုင်တဲ့
မောင့်ရဲ့ မျက်ဝန်းတွေ
ကြယ်စင်လို လင်းလက်တဲ့
အပြုံးလေးတွေကို
ကျွန်မ
ဘယ်လိုအင်အားနဲ့ ဖျောက်ပစ်ရမှာလဲ...

ဘာပဲဖြစ်ဖြစ်
ဒါဟာ ၀ဋ်ကြွေးတစ်ခု
ဖြစ်မယ်ဆိုရင်လေ
ကျွန်မ
အချစ်တွေကို စတေးပြီး
အလွမ်းတွေနဲ့
သက်ဆုံးတိုင် ......
ပေးဆပ်ချင်တရ် ....

1 comments:

yourlovebird said...

သူငယ်ချင်း မြတ်မဟူရဲ့ မွေးနေ့အမှတ်တရအဖြစ် တင်လိုက်တာပါ ....

Post a Comment