Wednesday, July 29, 2009

ခေါင်းစဉ်မရှိခဲ့ပါ


ကျယ်ပြောတဲ့ လောကကြီးမှာ
မထူးပေမယ့် ဆန်းတဲ့
သံယောဇဉ်တွေနဲ့
ငါတို့ ဖွဲ့ချည်ခဲ့တယ်...

သူငယ်ချင်းရေ...
မိဘနဲ့သားသမီး
မောင်နဲ့နှမလို မေတ္တာမျိုး
မင်းဆီက ရခဲ့တယ်...

ဘယ်သူတွေ ပေးပေး မပေးပေး
မင်းဆီက ယုံကြည်မှုတွေ
ငါ ရခဲ့တယ်...

တစ်ယောက်နာကျင်တိုင်း
တစ်ယောက်ကြေကွဲတဲ့ ခံစားမှုမျိုး...
ငါ ရခဲ့တယ်...

သူငယ်ချင်းရေ
ငါ့ဘက်ကစလို့ မင်းကို ခွဲသွားမှာမျိုး...
မင်းကြုံမှာ မဟုတ်ပါဘူး

ကိုယ့်ဝိဥာဉ်ကိုထားပြီး
ခရီးသွားတဲ့လူမျိုး
မင်း....မြင်ဖူးလို့လား......

5 comments:

Anonymous said...

အေးကွာ..
ဒါပေမယ့် ဘယ်နေရာရောက်ရောက် ခင်ခဲ့ဖူးတဲ့သူငယ်ချင်းတွေက ရင်ထဲမှာအမြဲရှိနေမယ်ဆိုတာ ယုံပါကွာ....
တခါတလေ သူငယ်ချင်းဆိုတာ မိဘ၊မောင်နှမထက်ပိုရင်းနှီးတာလဲရှိပါတယ်..
သူများကို ရင်ဖွင့်လို့မရတာကို နားထောင်ပေးနေတဲ့ သူငယ်ချင်းတွေလေ...
ချစ်ဆုံးသူငယ်ချင်းလေး ပျော်ရွှင်ပါစေကွာ..
မင်းနဲ့ခု ခဏခွဲရပေမယ့် စိတ်ထဲမှာတော့ မင်းအမြဲရှိနေအုံးမှာပါ...
ရှ(စ်)လီဗာ..
ရွှေပိုး

ှရှင်သန်ခြင်း said...

သူငယ်ချင်းရေ...
တစ်ယောက်နာကျင်တိုင်း
တစ်ယောက်ကြေကွဲတဲ့ ခံစားမှုမျိုး...
ငါ ရခဲ့တယ်..

Friendship is Free but its another meaning is sharing

ASU said...

သူငယ်ချင်းရေ...
တစ်အူတုံဆင်း မွေးလာတဲ့..
မောင်နဲ့နှမလို မေတ္တာမျိုး...
မင်းဆီက ငါရခဲ့တယ်...

YoungGun said...

သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကိုက ကျယ်ပြန့်လွန်းပါတယ်။ သူငယ်ချင်းဆိုတာ ရည်စားတွေထက်လည်း တခါတရံမှာ သာလွန်နေတယ်ဆိုတာ အဟုတ်ပါပဲ။ ဒါပေမယ့် ပေါ့လေ။ ချစ်သူကောင်းတစ်ယောက်ထက်တော့ သာမှာ မဟုတ်ဘူးဆိုတာ လောင်းကြေးထပ်ရဲပါတယ်ဗျာ။ အော် အခုပြောချင်တဲ့ သူငယ်ချင်းဆိုတာ ယောင်္ကျားလေးနဲ့ မိန်းခလေး သူငယ်ချင်းဖြစ်တာကိုသာ ဆိုလိုပါတယ်။ ယောင်္ကျားလေးချင်း ဘော်ဘော်ဖြစ်တာကတော့ အားလုံးထက်ကို သာတယ်ဗျ။ မူးမယ် ရူးမယ် ပြဲမယ် ကွဲမယ်... သွား..နားထား ကောင်မလေးတွေ။

Anonymous said...

သူငယ်ချင်းကို တော်တော်သံယောဇဉ်ကြီးတာ ချီးကျူးပါတယ် လာလည်သွားပတယ်နော်

Post a Comment