Thursday, July 23, 2009

နားလည်ပါ


ဟင့်အင်း တခါမှ မငြင်းခဲ့ဘူးနော် ..........
နိုးနိုးနိုး တခါမှလည်း မုန်းတယ်လို့ပြောခဲ့ပါဘူး .........
ဒါပေမယ့် မဆုံနိုင်တဲ့ ဘ၀တွေကိုသိသိကြီးနဲ့ ဘာလို့ များ နီးစပ်ချင်ရတာလဲ ၊၊

ဆုံခွင့်ရတဲ့ အချိန်က လမ်းခွဲလို့ ၀မ်းနည်းရမယ့် အချိန်နဲ့ စာရင်
မကြေကွဲတာမကောင်းဘူးလား
ဖြောင့်ဖြူးတဲ့ လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်မှာထက်
ခပ်ဝေးဝေးက သစ်ပင်အိုလေးက အေးရိပ်ကိုပေးတယ်လို့များ မဖြေသိမ့်နိုင်ဘူးလား ၊၊

ဘာလုပ်မှာလဲ
တစ်ညတာ လက်တွဲပြီး တစ်ဘ၀တာခွဲနေရမယ့်အရေး
ခပ်ဝေးဝေးက လွမ်းရတာခံသာပါအုံးမယ် ၊၊

မကြိုးစားချင်ဘူး ကိုယ်မကြိုးစားချင်ဘူး
သိသိကြီးနဲ့ ရုန်းဖယ်ခဲ့တာ မချစ်လို့ မဟုတ်ဘူး မုန်းလို့ မဟုတ်ဘူး
မချစ်သင့်လို့ ၊ မလွမ်းသင့်လို့ ၊ သိကာရှိရှိ လမ်းခွဲချင်လို့ရယ်ပါ ၊၊

တခါတလေ နာကျင်နေမလား
တခါတလေ ကြေကွဲနေမလား
တွေးဖူးပါတယ် တွေးဖူးပါတယ်
နောင် အခါခါ နာကျင်မှာထက်
ဒီတခါနာကျင်တာက သက်သာမှာပါလေရယ်လို့
ဖြေသိမ့်တွေးရင်း မကြင်နာခက်ခက်ရယ်နဲ့ ရင်နာလျက်နဲ့ လမ်းခွဲခဲ့တယ်
တကယ်တွေးခဲ့တာ မင်းအတွက်ရယ်ပဲ ၊၊

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ ၊၊

ဒီဘ၀ဆုံခွင့်မရလည်း နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင် မင်းအတွက် ကမ်းလင့်ကြိုဆဲ ၊၊

8 comments:

yourlovebird said...

ဒီကဗျာကို သုံးခွင့်ပေးတဲ့ ကိုမင်းအိမ်ဖြူကို ကျေးဇူးတင်ပါတယ်။ ဒီကဗျာလေးကိုသာ စောစောကြိုဖတ်ခွင့်ရခဲ့ရင် .... ဆိုတဲ့ အတွေးဖြစ်မိပါတယ်။ ပုံကတော့ ကိုယ့်စိတ်ကြိုက်လေး ရှာပြီး ထည့်ဖြစ်ခဲ့ပါတယ်။

Younggun said...
This comment has been removed by a blog administrator.
YoungGun said...

အဲဒါပြောတာပေါ့။ အတွေးနဲ့တင် ကိုယ့်ကိုကိုယ်ရော သူများကိုပါ သတ်တယ်ဆိုတာ။ ချစ်ရင် ရဲရင့်ရမယ်။ ယုံကြည်ရမယ်။ အချစ်မစစ်လို့ သတ္တိမရှိဘဲ နောက်ဆုတ်တာကို မင်းအတွက်တွေးတယ်ဆိုတာရော ဟုတ်လို့လား။ ကိုယ့်အတွက် နာကျင်ရသလို သူများကိုလည်း အဆင်မသင့်ရင် ဘ၀ပါ ပျက်သွားစေလောက်တဲ့ စိတ်ကူးယဉ်မှုမျိုး မဖြစ်ပါစေနဲ့။ သွေးကြောင်ရင် ဘေးရှောင်နေခဲ့။ တို့ကတော့ သတ္တိရှိတဲ့ ဘ၀ကို ကိုယ်နဲ့အတူ ရဲရင့်ရင်ဆိုင်မယ့် ချစ်သူကောင်းတွေ့ရင် ဘယ်မျက်နှာကိုမှ ထောက်မှာ၊ ဘယ်အခြေအနေကိုမှ တွက်နေမှာ မဟုတ်ဘူး။ တခါတည်းကို ခိုးပြေးမှာ၊ ခိုးပြေးဦးမှာ။ ရွှေပိုး လိုက်မယ်မှလား။ ဟားဟား။ နောက်တာနော်။

Anonymous said...

ကိုရမ်းဂန်းရေ တစ်ခါတစ်လေ ဘ၀မှာ ကိုယ်နဲ့သူပဲ ရှိစေချင်တယ်။ မိသားစုဆိုတာတွေ အသိုင်းအ၀ိုင်းဆိုတာတွေ ပတ်ဝန်းကျင်ဆိုတာတွေ မရှိခဲ့ရင် ကောင်းမှာပဲနော်။
ကိုရမ်းဂန်းဘ၀မှာ အဲလိုမျိုး မခံစားခဲ့ရဘူးလို့ ဖြစ်မှာပါ။ အရမ်းကံကောင်းပါတယ်။ တစ်ခါတစ်လေ ဖြစ်ချင်တိုင်းသာ လုပ်ခွင့်ရမယ်ဆိုရင်တော့ နှလုံးခုန်နေရဲ့နဲ့ သေနေရတဲ့ဘ၀ကနေ တကယ်လွတ်ချင်တာပါ။

YoungGun said...

အဲဒီပတ်ဝန်းကျင်တွေ၊ အသိုင်းဝိုင်းတွေက ကိုယ်နဲ့ တစ်သက်လုံး ပေါင်းသင်း နေနိုင်တာ မဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှ ချစ်ရသူလောက် ဂရုစိုက်မှာ မဟုတ်ဘူး။ နှလုံးခုန်နေရက်နဲ့သေရတဲ့ဘ၀ကနေ လွတ်အောင် ဘယ်ကလောင်မှ ငဲ့နေစရာ မလိုဘူး။ သတ္တိလေး နည်းနည်း၊ ရဲဆေးလည်း နည်းနည်း တင်လိုက်ရင် ဖြစ်ပါတယ်။ ကိုယ့်ဖာသာ တွေဝေတာနဲ့တင် သူများတွေကြောင့် ဆိုပြီး သွားပုံမချနေနဲ့။ ဘ၀မှာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုကို ပြန်တွေးတိုင်း ငါမှားသွားပါလားလို့ နောင်တ တသသ ရနေမယ့်အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပေါင်။ မချစ်နိုင်ရင် သွေးကြောင်ရင် ၀န်ခံပေါ့။ ကဗျာထဲက လူကိုပြောပါတယ်။ တကယ့်အချစ်စစ်မှာ သတ္တိကလည်း အော်တိုပါပြီးသားဗျ။ မှတ်ထား။

lovebird said...

ဟုတ်ပါ့ ဟုတ်ပါ့... love is faith တဲ့ ဆရာကြီး ဦးဆန်းလွင် စာအုပ်ထဲမှာ ဖတ်ဖူးတာပါ... အင်း တစ်ဖက်က လျော့နေရင်တော့ မရဘူးနော် :)

ရှင်သန်ခြင်း said...

ကိုရမ်းဂမ်းကို ထောက်ခံပါတယ်ခင်ဗျ။

ရှင်သန်ခြင်း said...
This comment has been removed by a blog administrator.

Post a Comment