Monday, July 6, 2009

ယုံပါ

ညီမလေးက ကိုယ့်ဘ၀နေပြင်းပြင်းရဲ့
ဆောင်းလေညင်းလေးဆိုတာ

ဘ၀ရဲ့စေညွှန်ရာကို
ရုန်းကန်လှုပ်ရှားရင်း
အနားကပ် မှီခို
ချစ်စကားတွေ
ညွှန်းဖွဲ့မဆိုနိုင်ရင်လည်း
ခွင့်လွှတ်ပါ

လှမ်းကြည့်လိုက်ရုံနဲ့
ရင်ထဲက ...
မငြိမ်းသော မီးတောက်ကလေး
ညီမလေးအတွက်
နွေးထွေးနေမယ်ဆိုတာ
ယုံပါ ...

0 comments:

Post a Comment