ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ ကောင်းကင်တစ်ခုဖြစ်တယ်
ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ နားခိုရာလည်း ဖြစ်တယ်
ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ အိပ်မက်ရှည် တစ်ခုလည်း ဖြစ်တယ်
ကောင်မလေးရေ
နင်ဟာ ငါကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့
ငါ့ရဲ့ နတ်ဘုရားတစ်ပါးလည်း ဖြစ်တယ်
ကောင်မလေးရေ ...
ကောင်မလေးရေ...
ကောင်မလေးရေ...
အမှန်တော့ နင်ဟာ ငါ့ရဲ့ လှောင်အိမ်တစ်ခုပါ ..
အတိတ်တစ္ဆေ
16 years ago
မင်းရဲ့ အချစ်လှောင်အိမ်ထဲမှာ ကိုယ့်ကိုကိုယ် သော့ခတ်နေမယ့် အချစ်ငှက်တစ်ကောင်ရယ်ပါ...
2 comments:
သူများဘလော့ဂ်ကရှာ ထားတာပါ
Post a Comment