Wednesday, January 20, 2010

L-O-V-E


တဟုန်းဟုန်း
မီးတောက်ထဲ တိုးဝင်နေတဲ့
ပိုးဖလံလေးတစ်ကောင်
ငါက
နာကျင်မှုကိုမှ
တရှိုက်မက်မက် တပ်မက်နေမိတာ ........

ခြောက်ခြောက်ခြားခြား
မက်ခဲ့ရတဲ့
အိပ်မက်တွေ
ထိတ်လန့်တကြား
နိုးထခဲ့ရတဲ့
ငါ့ညတွေ ...
ဆွဲမိတဲ့ ကောက်ရိုးမျှင်ကလွဲရင်
ဘာကိုမှ မမက်မောတော့တဲ့
ရေနစ်သူတစ်ဦးရဲ့ ရမ္မက်ကြီးပုံမျိုး.......

ခု
မီးတောက်တွေ အကုန် ငြိမ်းသက်လို့
အိပ်မက်ဆိုးတွေ အကုန် ရပ်တန့်လို့
ငါ့လက်ထဲက ကောက်ရိုးမျှင်ဟာ အသက်ဝင်လို့
ငါ့အသက်ရှုသံဟာ
အဆုံးသတ်မျဉ်းကို ချိုးဖောက်လိုက်တယ် ....

ဒီကမ္ဘာမှာ နွယ်မြက်သစ်ပင်တွေ ဆေးဖက်ဝင်ပါစေသား ..........................

0 comments:

Post a Comment